သူရ ဆိုက်လေးသို့ လာရောက် လေ့လာကြသောမိတ်ဆွေ သူငယ်ချင်း များအားလုံး ကြက်သရေ မင်္ဂလာ အပေါင်း နှင့်ပြည့်စုံကြပါစေ ........... ကျွန်တော် ဘလော့ကအခုမှစတင် ၍ အသစ်တည်ထောင်နေဆဲဖြစ်တဲ့အတွက် ပြင်ဆင်နေဆဲဖြစ်ပါတယ်ခင်ဗျား .... ကျေးဇူးပြု၍ သီခံပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျား.......

Sunday, June 2, 2013

Gtalk Setting တွင် မြန်မာစာပြောင်းသော်လည်း မြန်မာစာမပေါ်ခြင်းပြဿနာ

Gtalk Setting မှာ မြန်မာစာလည်း ပြောင်းပြီးသွားပြီ.. ဒါပေမယ့် Gtalk မှာ စာရိုက်တဲ့အခါ တုံးလေးတွေပဲပေါ်တယ်.. Enter ခေါက်လိုက်ရင်တော့ မြန်မာစာက ပေါ်ပြန်ရောဗျာ.. ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ.. ဒါ ညီငယ်တစ်ယောက် မေးလာတာပါ.. Windows 7 မှာ အဖြစ်များတတ်ပါတယ်..

ကျွန်တော် လေ့လာမိသလောက် အဓိက ပြဿနာက Windows မှာ ပါလာတဲ့ IE (Internet Explorer) ကြောင့်ဖြစ်တာပါ.. ဒါ ကျွန်တော် သိတာကိုပြောတာနှော်.. ပညာရှင်တွေဖတ်မိရင်လည်း ဆရာလုပ်တယ်မထင်ပါနဲ့.. တစ်ခြားနည်း မသိသေးပါဘူး..
ဒီလိုဖြေရှင်းလိုက်ပါ..


1.Start ထဲက Control Panel ကိုနှိပ်ပါ..
2.Control Panel ဘောက်ထဲမှာ Network and Internet ကိုနှိပ်ပါ..



3.ပေါ်လာတဲ့စာမျက်နှာမှာ ညာဘက်ခြမ်းက Internet Option ကိုနှိပ်ပါ..



4.Internet Option Box ထဲမှာ Fonts ဆိုတဲ့ Button လေးကို ထပ်နှိပ်ပါ.



5.ပေါ်လာတဲ့ဘောက်ကလေးထဲက ဘယ်ဘက်ခြမ်းလေးမှာ Zawgyi One ကိုရွေးပြီး OK နှိပ်ပါ.. 




ဒီအဆင့်က Control Panel ထဲက Network Setting ကိုချိန်ညှိလို့ပြီးပါပြီ..
နောက်ထပ် Gtalk Setting ကို ထပ်ချိန်ရပါအုံးမယ်..
1.Gtalk ကိုဖွင့်ပါ..
2.Setting ကိုနှိပ်ပါ..


3.Gtalk Setting ကိုရောက်သွားရင် Fonts ကိုနှိပ်ပြီး Zawgyi One ကိုနှိပ်ပြီး OK လုပ်ပါ..




အားလုံးပဲအဆင်ပြေကြပါစေ……..ကျေးဇူးတင်ပါတယ်ခင်ဗျာ…..
သူရ နည်းပညာ အား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like       လေးေ တာ့လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်....... 
   <<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော်  >>>

No comments:

Post a Comment