သူရ ဆိုက်လေးသို့ လာရောက် လေ့လာကြသောမိတ်ဆွေ သူငယ်ချင်း များအားလုံး ကြက်သရေ မင်္ဂလာ အပေါင်း နှင့်ပြည့်စုံကြပါစေ ........... ကျွန်တော် ဘလော့ကအခုမှစတင် ၍ အသစ်တည်ထောင်နေဆဲဖြစ်တဲ့အတွက် ပြင်ဆင်နေဆဲဖြစ်ပါတယ်ခင်ဗျား .... ကျေးဇူးပြု၍ သီခံပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျား.......

Thursday, February 6, 2014

FACEBOOK DESIGN ပြောင်းချင်လား PASSWORD ပါသွားနိုင်တယ် သတိထား




 
Facebook ကို ပုံပါအတိုင်း design ပြောင်းတဲ့ plugin တွေ ကုဒ်တွေ အများကြီးရှိပါတယ်။ ကျွန်တော်ပြောချင်တာကတော့ "လှတာမက်ရင် ညစာခက်တယ်" ဆိုတဲ့အတိုင်းပါပဲ။

နည်းနည်းလေး တွေးကြည့်ရအောင် ဒီလို ဒီဇိုင်းတွေပြောင်းဖို့ Developer တွေရဲ့ plugin သို့မဟုတ် code တွေကို install လုပ်ရမယ်။ ဒီ code တွေကိုလည်း developer တွေက သူများတွေ အလွယ်တကူဖတ်လို့မရအောင် compress လုပ်ထားတယ်။ လူတိုင်းမှာ ကောင်းတဲ့စိတ်နဲ့ မကောင်းတဲ့စိတ်ရှိကြတယ်။ လူတစ်ယောက်တည်းမှာပဲနော်။ ဒီတော့ အဲဒီ code တွေထဲမှာ ကိုယ့်အကောင့်ရဲ့ security informations (ph number, email, home town, ...) တွေ ကို လျှို့ဝှက်ယူပြီး ယူနိုင်မယ့် code မျိုးတွေ ထည့်ရေးထားရင် နာပြီသာမှတ် .. ကိုယ့်အကောင့်တွေ အကုန်ပါကုန်မယ်။

ကိုယ်ကတော့ သူငယ်ချင်းတွေကို အံ့ဩအောင်လုပ်ဖို့ အဲဒီ plugin တွေ code တွေ သုံးလိုက်တယ်။ ဒါပေမယ့် နောက်ကွယ်မှာ ကိုယ့်အကောင့်က ပါသွားနိုင်တယ်။ ပါသွားနိုင်တယ်လို့ ပြောတာက တစ်ချို့ ယုံကြည်ရတဲ့နေရာမှာ တင်ထားတဲ့ plugin တွေ code တွေဆိုရင်တော့ လုံခြုံမှုရှိနိုင်ပါတယ်။ တစ်ချို့ တွေ့တဲ့နေရာကယူလာတဲ့ code တွေမှာတော့ ကိုယ့်အကောင့်အချက်အလက်တွေ ခိုးယူသွားနိုင်တဲ့ code မျိုးတွေ ပါနေတတ်ပါတယ်။ ဒါကြောင့် Facebook design ပြောင်းတဲ့ plugin တွေ ကုဒ်တွေကို ကျွန်တော်ကတော့ အတတ်နိုင်ဆုံး မသုံးဖို့ အကြံပြုချင်ပါတယ်။

ဖတ်ပြီးသွားရင် သင့်သူငယ်ချင်းတွေအတွက် ရှယ်ပေးလိုက်ပါ။

No comments:

Post a Comment