သူရ ဆိုက်လေးသို့ လာရောက် လေ့လာကြသောမိတ်ဆွေ သူငယ်ချင်း များအားလုံး ကြက်သရေ မင်္ဂလာ အပေါင်း နှင့်ပြည့်စုံကြပါစေ ........... ကျွန်တော် ဘလော့ကအခုမှစတင် ၍ အသစ်တည်ထောင်နေဆဲဖြစ်တဲ့အတွက် ပြင်ဆင်နေဆဲဖြစ်ပါတယ်ခင်ဗျား .... ကျေးဇူးပြု၍ သီခံပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျား.......

Wednesday, January 29, 2014

သင့်ကွန်ပျူတာရဲ့ Task Bar နဲ့ အချိန်မှာ မိမိနာမည်ထည့်ရအောင်

Task Bar နဲ့ အချိန်မှာ မိမိနာမည်ထည့်ရအောင်

ကျွန်တော်တို့ ကွန်ပျူတာကိုအလှဆင်သူများအတွက်ပါ….


အထက်ပါပုံအတိုင်း Taskbar နဲ့ နာရီ AM, PM ဆိုတဲ့နေရာလေးမှာ
မိမိနာမည်လေးတွေထည့်သွင်းဖို့အတွက် ပထမဦးဆုံး Taskbar မှာ
ထည့်ဖို့က အရင်ဆုံး Desktop မှာ မိမိ နာမည်နဲ့  Folder တစ်ခုတည်
လိုက်ပါ။ ပီးသွားရင်တော့ Taskbar မှာ Right Click ထောက်ပီး



Toolbars ထဲကနေ New Toolbar… ဆိုတာကိုရွေးလိုက်တဲ့အခါမှာ
အောက်ပါပုံအတိုင်း  Folder Location ကိုသတ်မှတ်ပးဖို့ Sub Menu
ပေါ်လာပါလိမ့်မယ်။



ဒီအခါမှာ ကျွန်တော်တို့က ခုနတုန်းက  မိမိနာမည်နဲ့  Created လုပ်
ထားတဲ့ Folder ကိုရွေးပေးပီး Select Folder လို့ နှိပ်လိုက်ပါမယ်။
ဒါဆိုရင်တော့ သင့် ကွန်ပျူတာရဲ့ Taskbar မှာ သင့်နာမည်ပေါ်လာမှာ
ဖြစ်ပါတယ်။ ဒီနောက် နာရီသတ်မှတ်ချက်နေရာမှာ ထပ်ပီးကျွန်တော်တို့
က နာမည်ထပ်ထည့်မှာဖြစ်တဲ့အတွက်ကြောင့် အရင်ဆုံး သွားရမယ့်နေ
ရာက Control Panel ထဲက Region & Language ကိုဝင်လိုက်ပါ



အထက်ပါပံအတိုင်းပေါ်လာပီဆိုရင်တော့ Additional Settings.. ထဲကို
ဝင်လိုက်ပါမယ်။



ထို့နောက် Time ဆိုသော Tab ထဲကနေပီးတော့ AM symbol: နဲ့ PM symbol:
ဆိုတဲ့နေရာမှာ မိမိနာမည်ကို သတ်မှတ်ပေးပီး Apply, OK နှိပ်ပေးလိုက်ရုံပါပဲ
အဆင်ပြေမယ်လို့ထင်ပါတယ်။

No comments:

Post a Comment