သူရ ဆိုက်လေးသို့ လာရောက် လေ့လာကြသောမိတ်ဆွေ သူငယ်ချင်း များအားလုံး ကြက်သရေ မင်္ဂလာ အပေါင်း နှင့်ပြည့်စုံကြပါစေ ........... ကျွန်တော် ဘလော့ကအခုမှစတင် ၍ အသစ်တည်ထောင်နေဆဲဖြစ်တဲ့အတွက် ပြင်ဆင်နေဆဲဖြစ်ပါတယ်ခင်ဗျား .... ကျေးဇူးပြု၍ သီခံပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျား.......

Tuesday, February 25, 2014

ဖေ့စ်ဘုတ် လျှို့ဝှက်ချက် (၁၀၀)




ဖေ့စ်ဘုတ် လျှို့ဝှက်ချက် (၁၀၀) ထဲက အချို့ကိုဖေါ်ပြပေးလိုက်ပါ..

# 005 # တစ်စုံတစ်ယောက်ကို Block လုပ်ချင်ရင် Settingထဲက Privacy Setting မှာ Block Listကိုတွေ့ ရမှာပါ။ အဲဒီမှာ ကိုယ် Blockလုပ်ချင်သူရဲ့ Emial ရိုက်ထည့်ပြီး Remove လုပ်လိုက်ရုံပါပဲ။ နောက်တခါ Friend Requestထပ်ပို့ မှပဲ ကျွန်တော်တို့ သူငယ်ချင်း ပြန် ဖြစ်နိုင်ပါတော့မယ်။

# 006 # Comment တွေဖျက်ဖိ့ ဆိုရင် Remove Button နဲ့  ခပ်လွယ်လွယ် ဖယ်ရှားလိုက်ရုံနဲ့ ရပါတယ်။

# 007 # ကိုယ့်ပုံ သူများမမြင်စေချင်ရင် ကိုယ့် Profile Photo မှာသူများ Tag ချိတ်ပေးတဲ့ ပုံတွေများနေမယ်ဆိုရင် RemoveTagလုပ်ဖို့  လိုပါတယ်။ ကိုယ့်ရဲ့ Tag လုပ် ထားတဲ့ Photo ကိုဖွင့်လိုက်ပါ။ အဲဒီဓါတ်ပုံ (Photo) အောက်မှာ Tag ချိတ်ထားတဲ့ ကိုယ့်နာမည်ရှိပါလိမ့်မယ်။ အဲဒီ နာမည် ဘေးမှာ Photo နဲ့  Remove Tag ဆိုတာတွေ့ ရပါမယ်။ Remove Tagလုပ်ရုံပါပဲ။ ဒါဆိုရင်Tag လုပ်ထားတဲ့ ပုံတွေ မရှိတော့ပါဘူး။

# 008 # ကိုယ့်ရဲ့ ပုံတွေ ဗွီဒီယိုတွေရဲ့ Privacy ကိုပိုပြီးစိတ်ချရအောင် Accountထဲက Privacy Settings က Profile Information ကိုသွားပါ။ အဲဒီမှာ Bio, Birthday, Religions, Photo,Post, Allow Friends To Post My Wall, Comments စသဖြင့် ကိုယ့် Friendsတွေပဲတွေ့ စေချင်တာလား။တခြားလူတွေပါမြင်စေချင်သလားဆိုတာရွေးပါ။ Privacy Level မှာ Only Me, Block Specific People စသဖြင့်ကြိုက်ရာတစ်ခုခုလုပ်ပါ။ Preview My Profile ကိုရွေးပြီး Check စစ်ဆေးကြည့်နိုင်ပါတယ်။

# 009 # ကိုယ့် နာမည်ကို Facebook ရဲ့ Search မှာ မတွေ့ စေချင်ရင် Settingsထဲက Privacy Setting ထဲကSearch ကိုရှာပါ။ အဲဒီမှာ Only Friends ကိုရွေးချယ်ပါ။ ခုဆိုရင် သင့် Friendsတွေကပဲ ကိုယ့် ကိုရှာတွေ့ မှာပါ။

# 010#Facebook Layout ပြောင်းချင်ရင် Page Rage Super Profile က Facebook ရဲ့ Application ဖြစ်ပြီး ကိုယ့်Facebook Profile ရဲ့ Skin ကိုပြောင်းလဲပေးပါလိမ့်မယ်။ Add-ons တွေ အများကြီးရှိပါတယ်။ YontooLagesအမည်ရှိ Add on software တစ်ခုကိုInstallလုပ်ရမှာ ဖြစ်ပြီးဒါက Facebook ရဲ့ Layout ကိုပြောင်းပေးမှာပါ။

# 011 # Friends List ကိုဖျောက်ချင်ရင် Privacy Settings ထဲက Friends ဆိုတဲ့ Options မှာ “Every One” လား၊ “Friends ofFriends” လား၊ “Only Friends” လား၊ “Customize” လားတစ်ခုခု စိတ်ကြိုက်ရွေးလိုက်ရုံပါပဲ။

# 012 # ဂိမ်း မကစားချင်တော့ဘူးဆိုရင် Facebookရဲ့ Farmville ဟိုး အရင်တုန်းကဆော့ခဲ့ပေမဲ့ အခုတော့ မဆော့ဖြစ်တော့ပေမဲ့ လက်ဆောင် များစွာ က နေ့တိုင်း ရောက်နေဦးမှာပါ။ မျက်စိနောက်စရာ ဒီပြသနာအတွက် ApplicationSettingကို ၀င်ပါ။ အဲဒီထဲက Game ကို (x) နဲ့  Remove လုပ်လိုက်ပါ။

# 013 # hashtag Facebook မှာ Twitter လိုမျိုး hashtag ကို ထည့်လိုက်ပြီ နည်းနည်းကြာပါပြီ။ ဒါပေမဲ့ မသိသေးတဲ့ လူတွေ အဆင်ပြေအောင်လို့ ဒီလိုလေး လုပ်ကြည့်ပါ။ အကျိုးထူးပါတယ်။ နောက်ပိုင်း status တွေရေးရင် ကိုယ့် status ရဲ့ အဓိကသော့ချက်စကားလုံးကို # ခံပြီးရေးလို့ရပါပြီ။ ဥပမာ ဒေါ်အောင်ဆန်းစုကြည် အကြောင်းရေးထားတာမျိုးဆိုရင် ‪#‎DawAungSan‬ SuKyi ဆိုပြီး status မှာထည့်ရေးလိုက်ပါ။ ဒါဆိုဘယ်လိုအကျိုးကျေးဇူးဖြစ်လာမလဲဆိုရင်တော့www.facebook.com/hashtag/DawAungSanSuKyi ဆိုပြီးတစ်ယောက်ယောက်ကရှာလိုက်ရင် # မှာ ထည့်ပြီးရေးခဲ့တဲ့ status တွေအားလုံးကိုသူ့အနေနဲ့ အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်သွားမှာ ဖြစ်ပါတယ်။


အဆင်ပြေပါစေ..

No comments:

Post a Comment