သူရ ဆိုက်လေးသို့ လာရောက် လေ့လာကြသောမိတ်ဆွေ သူငယ်ချင်း များအားလုံး ကြက်သရေ မင်္ဂလာ အပေါင်း နှင့်ပြည့်စုံကြပါစေ ........... ကျွန်တော် ဘလော့ကအခုမှစတင် ၍ အသစ်တည်ထောင်နေဆဲဖြစ်တဲ့အတွက် ပြင်ဆင်နေဆဲဖြစ်ပါတယ်ခင်ဗျား .... ကျေးဇူးပြု၍ သီခံပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျား.......

Thursday, August 7, 2014

SONY XPERIA ဖုန်း FIRMWARE တွေဒေါင်းဖို့ XPERIFIRM DOWNLOADER V1.0



sony xperia ဖုန်းအသုံးပြုသူတွေ အတွက် firmware တွေကို အလွယ်တစ်ကူ download လုပ်လို့ရနိုင်တဲ့ Tool လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် အဲဒီ Tool လေးနံမည်က XperiFirm လို့ခေါ်ပါတယ်။တစ်ကယ်အသုံးဝင်တဲ့ Tool လေးပါ။ sony သမားတွေဆောင်ထားသင့်ပါတယ် လိုချင်တဲ့  firmware တွေကိုလဲ ဖုန်းရဲ့ နံမည် ၊ မော်ဒယ် ၊ နိုင်ငံ ၊ firmware version တွေအလိုက် နောက်ဆုံးထွက် တွေကိုအလွယ်တစ်ကူ download ရယူနိုင်ပါတယ်။ အောက်မှာယူလိုက်ပါ။
 
Download ဆိုတာလေးကို မနှိပ်ခင် PC ရဲ့ Desktop မှာ New Folder လေးတစ်ခု လုပ်ပေးထားပါ။
Download ပြီးသွားရင် ခုနက ကျွန်တော်တို့ လုပ်ထားတဲ့ Desktop ပေါ်က New Folder လေးထဲမှာ source file လေးသုံးဖိုင် တွေ့ရပါလိမ့်မယ်။
အပေါ်ကပုံမှာလို source file လေးသုံးဖိုင်ကို Flashtool သုံးပြီး FTF file ပြန်ပြောင်းပေးရပါအုံးမယ် ဒါမှသာ ကိုယ်လိုချင်တဲ့ Firmware အဖြစ်ရလာမှာပါ။ ပြောင်ပုံပြောင်းနည်းကို အောက်မှာပုံလေးတွေနဲ့ သေချာရှင်းပြပေးထားပါတယ်။

ရလာတဲ့ source file တွေကို FTF file ပြောင်းဖို့အတွက် flashtool လိုပါတယ်။ flashtool မရှိသေးတဲ့ သူတွေက အောက်ကလင့်မှာ flashtool ကို မိမိတို့ အသုံးပြုတဲ့ window အလိုက်ဒေါင်းယူနိုင်ပါတယ်။

DOWNLOAD FLASHTOOL

Flashtool လေးရလာပြီဆိုရင် PC မှာ flashtool ကိုဖွင့်ပြီး အပေါ်က menu bar မှာ Tool / bundles / FILESET dcrypt ကိုနှိပ်လိုက်ပါ။ Decrypt Wizard လေးတစ်ခုပွင့်လာပါလိမ့်မယ်။



 
 
Decrypt Wizard ရဲ့ Source file နေရာမှာ ခုနက အပေါ်မှာ download ဆွဲလို့ရလာတဲ့ source file ရှိတဲ့နေရာကိုညွှန်ပေးလိုက်ပါ။
 
ပြီးရင် convert လုပ်ဖို့အတွက် ဘယ်ဘက် အကွက်ထဲက source file သုံးဖိုင်ကို select လုပ်ပြီး ညာဘက် အကွက်ထဲကို ပြောင်းဖို့ အလယ်က မျှားလေးကိုနှိပ်လိုက်ပါ။
 
Source file လေးသုံးဖိုင်ညာဘက်ကို ရောက်သွားပြီဆိုရင် အောက်က Convert ကိုနှိပ်လိုက်ပါ။
 
Flashtool က Decrypting ဆိုပြီးသူပြောင်းပေးပါလိမ့်မယ် ခဏလေးစောင့်ပေးလိုက်ပါ။ ပြီးသွားရင် အောက်ကပုံလေးလိုပေါ်လာပါလိမ့်မယ်
 
 
အပေါ်ကပုံမှာလို Bundler လေးပွင့်လာပြီဆိုရင် Device ဆိုတဲ့ အကွက်လေးထဲမှာ ဖုန်းနံမည်ထည့်ဖို့ Double click နှိပ်ပါ။ device selector ထဲမှာ double click နဲ့ ဖုန်းနံမည်ရှာပြီး ရွေးပေးလိုက်ပါ။
 
 ပြီးသွားရင် Branding အကွက်လေးထဲမှာ Malaysia 
Version နေရာမှာ 6.2.A.1.100  ဆိုပြီးထည့်ပေးပြီး folder list ရဲ့ အောက်ကအကွက်ထဲက စာတွေအကုန်လုံးကို select လုပ်ပြီး  အလယ်ကမျှားလေးကို တစ်ချက်နှိပ်ပြီး create ဆိုတာကိုနှိပ်လိုက်ပါ။
Flashtool က စပြီး FTF file create လုပ်နေပါပြီ
 
 
Bundle creation finished ဆိုရင် ဖုန်းထဲမှာ firmware flash လုပ်ဖို့အတွက် FTF file လေးတစ်ခုရလာပါပြီ 
ရလာတဲ့ FTF file ဘယ်မှာရှိလဲဆိုတော့ C / Flashtool / firmwares ထိသွားကြည့်လိုက်ပါ။
 
ပိုစ်တော့နည်းနည်းများသွားတယ်ဗျာ အစကတော့ firmware downloader ကိုပဲတင်ပေးမလို့ပါ။ firmware downloader တစ်ခုထဲနဲ့ မပြည့်စုံဘူးထင်လို့ ရေးလက်စနဲ့ ရေးလိုက်ရတာပါ။
အစင်ပြေပါစေ။

No comments:

Post a Comment