Photoshop သင်ခန်းစာများကို လေ့လာတဲ့အခါမှာ အဓိကကျတဲ့ Layer အကြောင်း မသိလို့ မဖြစ်ပါဘူး။ ဒါ့ကြောင့် အခု သင်ခန်းစာမှာ Layer နဲ့ အလုပ်လုပ်ပုံကို အဓိကထားပြီး တင်ပြပေးသွားပါမယ်။ Layer ဆိုတာ အလွှာ၊ အထပ် လို့ အဓိပ္ပါယ်ရပါတယ်။ Photoshop Software ကို သုံးတဲ့အခါမှာ ဘယ် Version မဆို Layer ရဲ့ အခန်းကဏ္ဍက လုပ်ဆောင်ပုံချင်းအတူတူပဲ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အခုလို သင်ခန်းစာလေးတွေကို တင်ပြတဲ့အခါ မှီငြမ်း ကိုးကားပြီးတင်ပြရတာရှိသလို ကိုယ်ပိုင်စိတ်ကူးလေးတွေနဲ့ တင်ပြရတဲ့အခါလည်း ရှိပါတယ်။ အခုသင်ခန်းစာကတော့ ကိုယ်ပိုင် စိတ်ကူးလေးနဲ့
ဖန်တီးတင်ပြပေးထားခြင်း ဖြစ်ပါတယ်။


