သူရ ဆိုက်လေးသို့ လာရောက် လေ့လာကြသောမိတ်ဆွေ သူငယ်ချင်း များအားလုံး ကြက်သရေ မင်္ဂလာ အပေါင်း နှင့်ပြည့်စုံကြပါစေ ........... ကျွန်တော် ဘလော့ကအခုမှစတင် ၍ အသစ်တည်ထောင်နေဆဲဖြစ်တဲ့အတွက် ပြင်ဆင်နေဆဲဖြစ်ပါတယ်ခင်ဗျား .... ကျေးဇူးပြု၍ သီခံပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျား.......

Thursday, May 16, 2013

Huawei Y210-0010 ( U8685D) ကို Root လုပ်နည်း



ကဲ စရအောင်....

Root မလုပ်ခင် လိုအပ်တာတွေ ပြင်ဆင်ခြင်း
1. ပထမဆုံးလိုအပ်တာက Driver ဖြစ်ပါတယ်... ကျွန်တော့်မိတ်ဆွေတော်တော်များများ Phone ရဲ့ Driver ကို ပြည့်စုံအောင် မတင်ဘဲနဲ့ Root တာ အဆင်မပြေဖြစ်တတ်လို့ပါ.. ကျွန်တော်ကတော့ Universal ADB Driver Installer နဲ့ တင်လိုက်ပါတယ်..
 2.  ဖုန်းမှာ Setting>Application>Development>USB Debugging ကို သွားပြီး အမှန်ခြစ်လိုက်ပါ.. ဖုန်းကို USB ကြိုးသုံးပြီး ကွန်ပျူတာနဲ့ချိတ်လိုက်ပါ.. ပြီးရင် အထက်မှာ ဒေါင်းခဲ့တဲ့ Universal ADB Driver Installer ကို Run လိုက်ပါ..  Detected ANDROID device List : မှာ ကိုယ့် ဖုန်းကိုတွေ့ပါတယ်.. Driver တင်မှာဖြစ်တဲ့အတွက် ညာဘက်အောက်နားက Exit ဆိုတဲ့ Button ဘယ်ဘက်က Install ကိုနှိပ်လိုက်ပါ.. Driver Install လုပ်သွားပါလိမ့်မယ်.. ပြီးရင်တော့ Huawei Android Adapter OK ဆိုပြီးပေါ်လာပါမယ်.. ဒါက Driver Install လုပ်တဲ့အပိုင်းဖြစ်ပါတယ်.. ဒီအပိုင်း ပြီးပြီးသားလူတွေကတော့ လုပ်စရာမလိုပါဘူး...
3. ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်ထားတာကနေဖြုတ်လိုက်ပါ... ပါဝါပိတ်လိုက်ပါ.. ပြီးရင် Volume Down(-) ခလုတ်နဲ့ Power ကို တွဲဖိထားလိုက်ပါ.. Huawei Logo မှာရပ်နေပြီး Bootloader Mode ကိုရောက်သွားပါမယ်.. ဖုန်းကို USB ကြိုးနဲ့ ကွန်ပျူတာမှာ ချိတ်လိုက်ပါ...
4. အောက်ကလင့် တစ်ခုခုကနေ y210-0010 Root ဖိုင်ကို ဒေါင်းပြီး ဖြည်လိုက်ပါ...
Dev-Host   Solidfiles   Zippyshare
5. ဖြည်ထားတဲ့ဖိုင်တွေထဲမှာ Run Me.bat ဖိုင်ကို Run လိုက်ပါ.. ပြီးရင် Enter ခေါက်ပါ.. စာသားတွေပေါ်လာပြီး ခဏနေရင် စာတွေ ရပ်သွားပါလိမ့်မယ်...
6. ဖုန်းကို ကွန်ပျူတာကနေ ဖြုတ်လိုက်ပါ.. ပြီးရင် အထဲက ဓါတ်ခဲကို ဖြုတ်လိုက်ပြီး ပြန်တပ်ပါ.. ပြီးရင် Power ဖွင့်လိုက်ပါ..
ဒါဆိုရင် ဖုန်းကို Root လုပ်ဖို့ အဆင်သင့်ဖြစ်သွားပါပြီ.. မ Root ရသေးပါဘူး..
Y210-0010 ကို Root နိုင်တဲ့ Tool တွေကတော့ SRS Root Tool, Unlock Root Pro 3.1 နဲ့ Super One Click တို့ပဲဖြစ်ကြပါတယ်...

ကျွန်တော်ကတော့ SRS Root Tool နဲ့ Root လုပ်လိုက်ပါတယ်...
လုပ်နည်း..
1.ဒေါင်းလို့ရတာတဲ့ SRS Root Tool ကို Install လုပ်ပါ..
2. ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ပါ.. ဖုန်းမှာ USB Debugging နဲ့ Unknown Source ကို အမှန်ခြစ်ခဲ့ဖို့ မမေ့ပါနှင့်.
3. SRS Root Tool ကို Run လိုက်ပါ.. ပြီးရင်ဘယ်ဘက်က Root Devices ( All Methods) ကိုနှိပ်ပေးလိုက်ပါ.. ခဏနေရင် Root ပြီးကြောင်း ပေါ်လာပါမယ်.. ဖုန်းရဲ့ app list ထဲမှာ Superuser ပေါ်လာရင် Root ပြီးပါပြီ...

မြန်မာစာကိုတော့ ဒီမှာ ဒေါင်းပြီး Install လုပ်နိုင်ပါတယ်...


အဆင်ပြေပါစေ..


သူရ နည်းပညာ အား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်.
<<<မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>

No comments:

Post a Comment