သူရ ဆိုက်လေးသို့ လာရောက် လေ့လာကြသောမိတ်ဆွေ သူငယ်ချင်း များအားလုံး ကြက်သရေ မင်္ဂလာ အပေါင်း နှင့်ပြည့်စုံကြပါစေ ........... ကျွန်တော် ဘလော့ကအခုမှစတင် ၍ အသစ်တည်ထောင်နေဆဲဖြစ်တဲ့အတွက် ပြင်ဆင်နေဆဲဖြစ်ပါတယ်ခင်ဗျား .... ကျေးဇူးပြု၍ သီခံပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျား.......

Wednesday, July 17, 2013

Android ဖုန်းတွေအသုံးပြုရင်း Pattern lock ချပြီးမေ့တတ်ကြပါတယ်

Android ဖုန်းတွေအသုံးပြုရင်း Pattern lock ချပြီးမေ့တတ်ကြပါတယ်..ကိုယ်ဟာကိုယ် pattern ပေးပြီးကိုယ့်ဟာကိုယ်မေ့ပါတယ်….ကျွန်တော်လဲပါပါတယ်……အခုအဲ့ကိစ္စလေးအဆင်ပြေအောင်လုပ်တဲ့နည်းလေးတွေပြပေးပါမယ်……
အခုနှစ်နည်းသုံးနည်းလောက်ပြောပြပေးပါမယ်။တခုရှိတာကအဲလို့ Pattern lock မေ့သွားပြီဆိုရင် တခါနှစ်ခါလောက်ကြိုးစားကြည့်ပါမရရင်ထပ်မဆွဲပါနဲ့တော့အခြေအနေပိုဆိုးပြီး FactoryResetပါချရတတ်ပါတယ်…..
အရင်ဆုံးဘယ်နည်းနဲ့လုပ်ရင်ကောင်းမလဲလေ့လာကြည့်ပါ….
နည်းလမ်း….
၁…ကွန်ပြူတာတော့လိုပါမယ်….application လေးတခုကိုကွန်ပြူတာကနေ PC suite(eg.moborobo) တခုခုသုံးပြီးသွင်းရမှာပါ….
၂…ဖုန်းကို Factory reset ချတဲ့နည်းပါအဲတာကတော့ဖုန်းမှရှိသမျှဒေတာတွေကုန်ပါမယ်…
၃…နောက်တနည်းကတော့ဘာမှမကုန်ပါဘူး root access လိုပါတယ်…..
နည်းလမ်း ၁
ကဲစမယ်နော်ပထမနည်းလေး…..ဒါလေးကတော့ဖုန်းမှာရှိတဲ့ဒေတာတွေမပျက်ပါဘူးးးး..
လိုတာလေးတွေ
moborobo software ယူရန်…
Screen lock by pass app ယူရန်…
လိုတာဒေါင်းပြီးသွားရင် စမယ်နော်အရင်ဆုံး moborobo လေးကိုမိမိ ကွန်ပြူတာမှာသွင်းလိုက်ပါ…..ကဲပြီးပြီလားးးးးပြီးရင် Screen lock by pass ဆိုတာလေးကို my documents>>moborobo>>downloadcenter>>software>>ANDROID ဖိုင်ထဲသွားထည့်လိုက်ပါ…ဖုန်းကိုကွန်ပြူတာနဲ့ချိတ်လိုက်ပါ…moborobo ကိုဖွင့်လိုက်ပါ…ဒီနေရာမှာUSB Debug ON ခဲ့မိဖို့လိုပါတယ်….မ ON ထားခဲ့ရင်ကွန်က ဖုန်းကိုမသိနိုင်ပါဘူး…
ဖုန်းကိုလည်းကွန်ကသိနေပီဆိုရင်တော့ဆက်ပါမယ်…..ဖုန်းကိုသိနေရင်အောက်ကအတိုင်းပေါ်ပါမယ်….



ကဲ apps ဆိုတဲ့ tab လေးကိုသွား Screen lock by pass application လေးကိုကလစ်ပြီး သွင်းပေးလိုက်ပါ….
ဖုန်းကိုပိတ်ပြီးပြန်ဖွင့်လိုက်ပါ…..ပြန်တက်လာရင် pattern ကိုဆွဲချင်တာဆွဲပွင့်သွားတာတွေ့ရမယ်နော်…..
နည်းလမ်း ၂
One Cli Rec ဒေါင်းရန်
နောက်တနည်းအဲဒါကတော့
Factory reset ချတဲ့နည်းပါ ရှိသမျှဒေတာအကုန်ပြောင်ပီးဖုန်းကိုဝယ်ခါစအသစ်အတိုင်းဖြစ်အောင်လုပ်ပေးမှာပါ။ သူကဘယ်လိုလဲဆိုတော့ ဖုန်းရဲ့ recovery mode ကနေ၀င်ရောက်ပြီးပြုလုပ်ရမှာပါ။ ဖုန်းတလုံးနဲ့တလုံး recovery mode ၀င်ပုံဝင်နည်းမတူတာကြောင့် One Cli Recovery လေးပေးထားပါတယ်
ဖုန်းကိုကွန်ပြူတာနဲ့ချိတ် ပထမနည်းမှာ ဒေါင်းထားတဲ့ထဲ က One Cli Rec လေးကို run ပြီးrecovery ၀င်ပါ.recovery mode ထဲရောက်ပီအဲမှာ wipe data/factory reset ရွေးပေးလိုက် ပြီးသွားရင် reboot system now လေးရွေးပေးဒါဆိုပြီပါပြီ
recovey mode ထဲတွင် vol ခလုတ်ဖြင့် အပေါ်အောက်ရွေ့ပြီး power သို့ home ခလုတ် ကို enter အဖြစ်သုံးပါသည်။။။။…..One Cli ဖြင့် Recovery ၀င်မရပါက ဖုန်းအမျိုးအစားအလိုက် Recovery ၀င်နည်းကို ဒီမှာ ကြည့်ပါ….
နည်းလမ်း ၃
လိုတာလေးဒေါင်းလိုက်ပါ…
Remove Pattern zip ဒေါင်းရန်
ဒီနည်းကတော့ ဘာဒေတာမှ မပျက်ပါဘူး….Root access ရှိဖို့နဲ့ Usb Debug ON ခဲ့မိဖို့ပဲလိုပါတယ်……..
အဓိက အရေးကြီးတာ ကဖုန်းမှာ USB DEBUGGING ON ထားမိဖို့ပဲ။ကိုယ့် pattern lock ကိုမမေ့ခင်အချိန်တုန်းက usb debugging ON ထားခဲ့မိရင် ရပြီ။ဖုန်းကိုကွန်ပြူတာနဲ့ချိတ်ပါ။ဖြည်ထားတဲ့ဖိုင်ဆီကိုသွားပါ။remove pattern ဆိုတာလေး run လိုက်ပါ။ press any key to continue လို့ပေါ်လာရင် enter ခေါက်ပေးလိုက်ပါ။
ကဲ pattern ကိုဆွဲချင်သလိုဆွဲပေတော့…..

No comments:

Post a Comment