သူရ ဆိုက်လေးသို့ လာရောက် လေ့လာကြသောမိတ်ဆွေ သူငယ်ချင်း များအားလုံး ကြက်သရေ မင်္ဂလာ အပေါင်း နှင့်ပြည့်စုံကြပါစေ ........... ကျွန်တော် ဘလော့ကအခုမှစတင် ၍ အသစ်တည်ထောင်နေဆဲဖြစ်တဲ့အတွက် ပြင်ဆင်နေဆဲဖြစ်ပါတယ်ခင်ဗျား .... ကျေးဇူးပြု၍ သီခံပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျား.......

Wednesday, July 17, 2013

Facebook ကို မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်ပြီ

Facebook ကို ယခင်က မြန်မာများအတွက် အင်္ဂလိပ်ဘာသာကို အဓိကထား အသုံးပြုကြပြီး အခြား ဘာသာဖြင့် အနည်းငယ် အသုံးပြုနေကြသည်ကို တွေ့ရပါသည်။ ယခုတွင်မူ မြန်မာတို့ အတွက် မြန်မာဘာသာဖြင့် အသုံးပြုနိုင်ရန် မြန်မာတချို့ ကိုယ်တိုင် ပါဝင် ဘာသာပြန်နေသော Facebook translation team မှ မြန်မာဘာသာကို ၁ဝဝ ရာခိုင်နှုန်း ပြောင်းလဲမှုပေးပြီး ဖြစ်ပါသည်။ သို့သော် အချို့စကားစုများမှာ Votin စနစ် မပြီးသေး၍ ဖော်ပြနိုင်ခြင်း မရှိသေးပါ။
မြန်မာဘာသာအဖြစ်သို့ ပြောင်းလဲလိုလျှင် Facebook ညာဖက်ရှိ စက်သွားပုံ (Setting) အောက်ရှိ account setting သို့သွားပါ။ ထို့နောက် General>Language တွင် edit ကို နှိပ်ပါ။ ထို့နောက် မြန်မာဘာသာကို ရွေးချယ်ပါ။ မြန်မာဘာသာ Unicode Standard ရှိသည့် မြန်မာ font ရှိလျှင် Facebook ကို မြန်မာစာများဖြင့် မြင်တွေ့နိုင်မည် ဖြစ်သည်။ Language တွင် မြန်မာဘာသာ မပါရှိသူများ အနေဖြင့်http://www.facebook.com/translation သို့ သွားရောက်၍ ညာဘက် အောက်ခြေတွင် ရာခိုင်နှုန်း ပြထားသော translation ခလုတ်ကိုနှိပ်ပြီး turn on translation ကိုနှိပ်၍ မြန်မာဘာသာသို့ ပြောင်းလဲနိုင်မည် ဖြစ်ပါသည်။

Source : Myanma Light

No comments:

Post a Comment