သူရ ဆိုက်လေးသို့ လာရောက် လေ့လာကြသောမိတ်ဆွေ သူငယ်ချင်း များအားလုံး ကြက်သရေ မင်္ဂလာ အပေါင်း နှင့်ပြည့်စုံကြပါစေ ........... ကျွန်တော် ဘလော့ကအခုမှစတင် ၍ အသစ်တည်ထောင်နေဆဲဖြစ်တဲ့အတွက် ပြင်ဆင်နေဆဲဖြစ်ပါတယ်ခင်ဗျား .... ကျေးဇူးပြု၍ သီခံပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျား.......

Sunday, January 19, 2014

Desktop background ကို အလန်းဆုံးဖန်တီးကြရအောင်

ကျွန်တော် ရောက်တတ်ရာရာ ထွေရာလေးပါး ဗဟုသုတ နည်းပညာ ဆိုဒ်တစ်ခုကနေရှာတွေ့လို့ ဘော်ဒါတွေအတွက်ပြန်ရှယ်လိုက်တာပါ..... Rainmeter software လေးသုံးပြီး.. မိမိ Desktop ကို အလန်းဆုံးဖြစ်အောင် ဖန်တီးကြရအောင်

အောက်က software ကို download လုပ်ပါ

Download

ဒေါင်းလို့ ရတဲ့ဖိုင်ကို ဖြည်လိုက်ရင် ဖိုင် ၃ ဖိုင်ရပါလိမ့်မယ်။ အဲ့ဒီ ထဲက Rainmeter setup ဖိုင်ထဲက Rainmeter-3.0-r2097-beta.exe ကို ကွန်ပျူတာမှာ အင်စတောလုပ်ပေးပါ။ install အားလုံးပီးပြီဆို ရင် အောက်က ပုံအတိုင်းတက်လာပါလိမ့်မယ်။ မလိုချင်တာတွေကိုပုံထဲကအတိုင်း right click နှိပ် ပြီး unload skin လုပ်ပေးလိုက်ပါ။




ဖြည်ထားတဲ့ ဖိုင်တွေထဲက Background ဖိုင်ထဲက နှစ်သက်ရာ ပုံတစ်ပုံကို Desktop background တင်လိုက်ပါ။ ပုံပေါ် Right click-----> set as desktop background နောက်ဆုံးကျန်တဲ့ ဖိုင် Tron skin ဖိုင်ကို My document ထဲက Rainmeter/Skins ထဲမှာ paste လုပ်ပေးပါ။ Desktop ပေါ်မှာ ရှိနေတဲ့ shortcut icon အားလုံးဖျောက်လိုက်ရအောင်။ desktop နေရာလွတ်ကြိုက်တဲ့ နေရာမှာ right click -----> view ထဲက show desktop icons ရှေ့က အမှန်ခြစ်လေး ဖျောက်ပေးပါ။ Task bar လေးကို hide လုပ်လိုက်မယ်။ task bar ဆိုတာ start menu လေးပါတဲ့ ဘားကို ပြောတာနော်။ အဲ့ဒီ့ task bar ပေါ်မှာ right click နှိပ် properties ကိုဖွင့်လိုက်ပါ auto hide ရှေ့မှာ အမှန်ခြစ်ပေးလိုက်ရင် ဘားလေးပျောက်သွားပါပြီ။ ပြီးရင် task bar လေးကို ကိုယ်ကြိုက်တဲ့နေရာမှာ ရွေ့ထားလိုက်ပါ။ ကျွန်တော်က တော့ ဘယ် ဖက်မှာထားလိုက်တယ်။ ကဲ...ဒါဆိုရင် သင့် desktop ပေါ်မှာ အကုန်ရှင်းသွားဘီ။ rainmeter skin လေးထည့်ရအောင်။
Rainmeter လေးကိုဖွင့်လိုက်ပါ။

အောက်ကပုံမျိုး လေးပေါ်လာရင်

အမှတ်စဉ်အတိုင်းလေး လုပ်ပေးပါ။ ကျန်တဲ့ Tron အောက်က ဖိုင်တွေကိုလဲ Bar_L လုပ်သလိုမျိုးပဲ အကုန် skin တွေကို load လုပ်ပေးပါ။ Dock file ကို load လုပ်ရင်တော့ အောက်က ပုံလေးအတိုင်း အကွက်ထဲမှာ ဖြည့်ပေးပါ။ ဒါမှ အောက်ခြေ ညာဖက်ထောင့်လေးမှာ ပေါ်မှာ ဖြစ်ပါတယ်။ ဒါပါပဲ။ ကျန်တာတွေကတော့ ကိုယ့်စိတ်ကြိုက် rainmeter skin များကို အင်တာနက်မှာ ရှာပြီး စိတ်ကြိုက် အသစ်အဆန်း လေးများဖန်တီးနိုင်ပါပြီ။ ကျွန်တော်ပြထားတာလေး က ကျွန်တော့ Sample လေးပါ။ ဒီထက်လန်းတဲ့ ဒီဇိုင်းလေး တွေအများကြီး ရှာလို့ ရပါတယ်။

CREDIT BY: : Ye' Myint Thein



အောက်မှာ ကျွန်တော်ထပ်ရှာထားတဲ့ဟာလေးတွေပါ.... ကြိုက်ရင် Download ယူသွားပါ...

Omnimo


Apple look desktop theme


Technology Rainmeter desktop Skin


Galaxy Suite Desktop theme

No comments:

Post a Comment