သူရ ဆိုက်လေးသို့ လာရောက် လေ့လာကြသောမိတ်ဆွေ သူငယ်ချင်း များအားလုံး ကြက်သရေ မင်္ဂလာ အပေါင်း နှင့်ပြည့်စုံကြပါစေ ........... ကျွန်တော် ဘလော့ကအခုမှစတင် ၍ အသစ်တည်ထောင်နေဆဲဖြစ်တဲ့အတွက် ပြင်ဆင်နေဆဲဖြစ်ပါတယ်ခင်ဗျား .... ကျေးဇူးပြု၍ သီခံပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျား.......

Thursday, May 8, 2014

IWATCH ထုတ်လုပ်မှု စတင်နေဟုဆို





 
တရုတ်နိုင်ငံရှိ Apple ပစ္စည်းထုတ်လုပ်သည့် စက်ရုံအနေဖြင့် iWatch ကိုစတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း China Times သတင်းစာမှ ဖော်ပြသွားသည်။ ယခုနှစ်ကုန်ပိုင်းတွင် အမေရိကန်နိုင်ငံ၌ ဖြန့်ချိမည့် ၄င်းစမတ်နာရီ၏ အရွယ်အစားသည် အနည်းငယ်သေးမည် ဖြစ်ကြောင်းသိရသည်။

ထို့အပြင် Apple သည် iWatch တွင်အသုံးပြုနေကျ circuit board အစား system-in-package (SiP) module ကိုအသုံးပြုသွားမည်ဖြစ်သည်။ ၎င်း package တစ်ခုတည်းတွင် circuit နှင့် အစိတ်အပိုင်းများစွာ ကို ပေါင်းစပ်ထည့်သွင်းထားကြောင်း သိရသည်။ SiP သည်လိုအပ်သော ပြင်ပအစိတ်အပိုင်း အနည်းငယ် ကိုစုပေါင်းကာ ရိုးရှင်းသည့် ဒီဇိုင်းကိုဖန်တီးနိုင်သည်။

SiP စနစ်ကိုအသုံးပြုခြင်းဖြင့် သေးငယ်သော အရွယ်အစားကို ဖန်တီးနိုင်မည်ဖြစ်သော်လည်း ၎င်းအား နည်းချက်မှာ အစိတ်အပိုင်းတစ်ခု ပျက်စီးသွားပါက စနစ်တစ်ခုလုံးကို လဲလှယ်ပစ်ရမည်ဖြစ်သည်။ ယခုအခါ SiP ကိုအလွန်နည်းပါးသည့် အရေအတွက်ဖြင့် ထုတ်လုပ်နေပြီဖြစ်ပြီး Apple အနေဖြင့် iWatch ကို နမူနာ ထုတ်လုပ်မှု စတင်နေပြီဖြစ်ကြောင်း China Time ၏ရင်းမြစ်များကပြောကြားသွားခဲ့သည်။ လာမည့် ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကနဦးအသေးစားထုတ်လုပ်မှုအဖြစ် အလုံးရေ ၂.၅ မှ ၃ သန်း ထုတ်လုပ်သွား မည်ဖြစ်ပြီး ယခုနှစ်ကုန်မှသာ အလုံးရေ ၁၄ မှ ၁၅ သန်းအထိ ထုတ်လုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

-စိုးထက်
Ref: Cultofmac
Internet Journal

No comments:

Post a Comment