သူရ ဆိုက်လေးသို့ လာရောက် လေ့လာကြသောမိတ်ဆွေ သူငယ်ချင်း များအားလုံး ကြက်သရေ မင်္ဂလာ အပေါင်း နှင့်ပြည့်စုံကြပါစေ ........... ကျွန်တော် ဘလော့ကအခုမှစတင် ၍ အသစ်တည်ထောင်နေဆဲဖြစ်တဲ့အတွက် ပြင်ဆင်နေဆဲဖြစ်ပါတယ်ခင်ဗျား .... ကျေးဇူးပြု၍ သီခံပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျား.......

Monday, May 12, 2014

Photoshop Move Tool အကြောင်းတစေ့တစောင်




Move Tool ကတော့ Selecion Tool တစ်ခုပဲဖြစ်ပါတယ်၊ image တစ်ခုအတွင်းမှာရှိတဲ့ Leayer တွေ ကို နေရာ အထားအသိုရွှေ့ပြောင်းဖို့နဲ့ ရွေးချယ်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။

ပုံမှန်အားဖြင့်တော့ Imageထဲက ကိုယ်ပြုပြင်လိုတဲ့ Layerကို Layer Palette မှာ ကလစ်နှိပ်ပြီး ရွေးချယ်ပေး ရမှာ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလည်မှုတိုင်းဟာ ကိုယ်ရွေးချယ်ထားတဲ့ Layer ပေါ်မှာပဲသက်ရောက် မှုရှိမှာဖြစ်ပါတယ်။


Layer Palette ကိုအသုံးမပြုဘဲ Move Tool နဲ့ Image ထဲမှာရှိနေတဲ့ Layer တွေကို လွယ်ကူစွာရွေး ချယ်နိုင်ပါတယ်။


Tool Box က Move Tool ကို ရွေးချယ်လိုက်ပါတယ်။ ပြီးရင် Tool Option မှာ Auto Select ဆိုတဲ့ ဘေး က လေးထောင့်ကွက်လေးမှာ ကလစ်တစ်ချက်ထောက်ပြီး အမှန်ခြစ်ကလေးပေးလိုက်ပါ။

ဒါဆိုရင် Image ထဲက ကိုပြုပြင်လိုတဲ့ Layerတိုင်းကို  ကလစ်တစ်ချက်နှိပ်ပြီး အလွယ်တကူနိုင်ပါတယ်၊ ဒါဟာ Layer တစ်ခုခြင်းရွေးချယ်တာဖြစ်ပါတယ်။


Layer တစ်ခုထက်ပိုပြီး ရွေးချယ်ချင်ရင် ကီးဘုတ်က Shift ကိုဖိထားပြီး ကိုယ်ရွေးချယ်လိုတဲ့ Layer တွေကို ကလစ်လိုက်ထောက်ပေးရပါမယ်။(မှတ်ချက်- Photoshop 7 မှာ ပြုလုပ်၍ မရပါ)


ရွေးချယ်ထားတဲ့ ထဲမှာ မလိုအပ်တဲ့ Layerတွေပါလာခဲ့ရင် ကီဘုတ်က Shift+Alt ကိုဖိထားပြီး မလိုအပ်တဲ့ Layer ပေါ်မှာ ကလစ်ထောက်ပြီး ပြန်ဖြုတ်နိုင်ပါတယ်။


နောက်ပြီး Image နဲ့လွတ်တဲ့နေရာကနေ (သို့) Backgroundပေါ်ကနေ Move Tool နဲ့ Dragဆွဲပြီးတော့ လည် တစ်ခုထက်ပိုတဲ့ Layer တွေကို ရွေးချယ်နိုင်ပါသေးတယ်။

နောက်ပြီး Move Toolက Image ထဲမှာရှိတဲ့ Layer တွေကို ရွေ့လျှားစေနိုင်ပါတယ်၊ ရွှေ့ပြောင်းလိုတဲ့Layer ကို Move Tool နဲ့ ကလစ်ဖိပြီး အလိုရှိရာနေကို ရွှေ့ပြောင်းနိုင်ပါတယ်။

အခြား Tool တစ်ခုခုသုံးနေရင်းနဲ့ Ctrl Key ကို ဖိထားရင် Move Tool အဖြစ်ကို ခဏပြောင်းသွား မှာ ဖြစ်ပြီး Move Toolရဲ့ လုပ်ဆောင်ချက်တွေအားလုံးကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

No comments:

Post a Comment